ဂနိသတင်းအသစ်တိ
06 April 2012
ALP နှင့် ရခိုင်ပြည်နယ် အစိုးရ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုး
02 April 2012
02.4.2012 နိ ALP ဗဟို ဌာနချုပ်ကခေါင်းဆောင်တိ့ကို ကျောက်တော် မြို့ ဒေပိုင် ကြိုဆိုနီပါရေ လူပေါင်း 6000 လောက် ကြိုဆို
02.4.2012 နိ ALP ဗဟို ဌာနချုပ်ကခေါင်းဆောင်တိ့ကို ကျောက်တော် မြို့ ဒေပိုင် ကြိုဆိုနီပါရေ လူပေါင်း 6000 လောက် ကြိုဆhttp://www.myoroemahar.co.cc/2012/04/0242012-alp-6000.html?zx=8155a71aa84de7a0ို
စိတ်ကြွ ဆေးပြားထုတ် စက်ရုံများ ပိတ်ပေးရန် ဘင်္ဂလားဒေခ်ျ့က မြန်မာကို တောင်းဆို
"စားပြီးနားမလည် လုပ်မနိန်ကေ့" ၂၀၁၂- ရခိုင် သင်္ကြန် သံချပ်ခွေ ဘင်္ဂလာဒေခ်ျ့တွင် ၀ယ်ယူသူများ
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ALP နှင့် အစိုးရ ဧပြီလ ၄ ရက်နေ့တွင် စတင်မည်
27 March 2012
"အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့"
ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ(RNDP)မှထုတ်ဝေသော တိုးတက်ရေးသတင်းလွှာတွင်ပါရှိ သည့် ဆောင်းပါးရှင် တိုးတက်ခိုင်ရေးသားသော "အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့" ဆိုသော ဆောင်းပါးကြောင့် စာပေစီစစ်ရေး ညွှန်ကြားရေးမှူးက ၁၉ရက်၊ ၃လ၊ ၂၀၁၂ခုနှစ်တွင် RNDPမှ ကိုမြင့်နိုင်နှင့် ဦးကျော်ဇံသာတို့အား ခေါ်ယူပြီး နောက်တစ်ကြိမ် ယခုကဲ့သို့ ဆောင်းပါးမျိုးပါလာခဲ့လျှင် စာစောင်ထုတ်ဝေခြင်း ပိတ်ပင်ခံရမည်ဟု ပြင်းထန်စွာ သတိပေးခြင်းခံခဲ့ရကြောင်း RNDPမှ အထွေထွေအတွင်းရေးမှူး ဦးလှစော ပြောပြချက်အရ သိရှိရသည်။
၎င်းဆောင်းပါးမှာ မြန်မာနိုင်ငံ၌ အုပ်ချူပ်သူအစိုးရအဆက်ဆက် တိုင်းရင်းသားများ အမျိုးမျိုးသော နိုင်ငံရေးလှည့်စားမှုများအတွင်း လူးလိမ့်ခံစားခဲ့ရခြင်းကို ဆောင်းပါးရှင် တိုးတက်ခိုင်မှ သမိုင်းများအား မီးမောင်းထိုးဖော်ပြထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ရခိုင်လူငယ်တစ်ဦးက " ယခုပြောနေကြတဲ့ စတုတ္တမဏ္ဍိုင်ဆိုတာ အစိုးရသစ်အနေနဲ့ စကားပြောတဲ့အခါ နားထောင်လို့ကောင်းရုံသာဖြစ်ပြီး လက်တွေ့မှာတော့ အခုချိန်ထိ စစ်အစိုးရ လက်ရာခြေရာတွေ မပျောက်သေးပါဘူး။ ဒီလိုပါတီတစ်ခုကိုတောင် ခေါ်ယူပြီးခြိမ်းခြောက်တယ်ဆိုရင် နောက်ထပ် ပုဂ္ဂလိက စာနယ်ဇင်းတွေ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားလို့သာကြည့်လိုက်ပါတော့" လို့ပြောကြားသွားသည်။
ရခိုင်လူ့အခွင့်အရေးလှုပ်ရှားနေသူ ကိုမင်းခန့်ကလည်း " ဒါဟာ အပြောနဲ့လက်တွေ့ မကိုက်ညီတာဘဲ၊ အစိုးရပြောနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ဘယ်နားမှာလည်းလို့ ပြန်မေးရလိမ့်မယ်။ ဒီလိုမျိုး လူတစ်ယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်တာဟာ တစ်ကမ္ဘာလုံးက လိုက်နာကျင့်သုံးနေကြတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပုဒ်(၉) လူတိုင်းလွတ်လပ်စွာထုတ်ဖော် ပြောဆိုပိုင်ခွင့်ရရှိရေး ကိုချိုးဖောက်တာဖြစ်ပါတယ်" လို့ ရှင်းပြသည်။
သတင်း အပြည့်အစုံ မူရင်း Arakan Times သို့ 
20 March 2012
ဒေါ်စုကို ရခိုင်စည်တော်တီး၍ ကြိုမည်
ရန်ကုန်မြို့ တာမွေမြို့နယ်တွင် အပူဇော်ခံလျှက်ရှိသော ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေထီးတော်အား ဒေါ်အောင်ဆန်းစုကြည်က လာရောက်ဖူးမျှော်မည် ဖြစ်ရာ သူမအား ရခိုင်စည်တော်တီး၍ ကြိုဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေသား ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော် (ဓါတ်ပုံ- အလိုတော်ပြည့်)
ကျောက်တော်မြို့နယ် မဟာမုနိ ရုပ်ရှင်တော်မြတ် သီတင်းသုံးရာ ကျောင်းဆောင်တော်၍ တင်မည့် ရွှေသား အလေးချိန် ၁၁ ပိဿ ၅၀ ကျပ်သားရှိ ရွှေထီးတော်အား ယခုအခါ အောင်မြေ ဗောဓိဓမ္မာရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်၊ တာမွေကလေးရပ်ကွက်၊ တာမွေမြို့နယ် ရန်ကုန်မြို့တွင် အပူဇော်ခံနေရာ ဒေါ်အောင်ဆန်းစုမှ မနက်ဖြန်တွင် လာရောက် ဖူးမျှော်ကန်တော့မည် ဖြစ်သည်။
" ဦးဇင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်စည်တော်တီးပြီး ကြိုဆိုမှာက သူမကို ဂုဏ်ပြု အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရခိုင်စည်တော်ကို မင်္ဂလာ အခမ်းအနားတွေမှာ တီးခတ်တဲ့ အစဉ်အလာရှိတဲ့ အတွက် ကောင်းသော မင်္ဂလာ အကျိုးကို မျှော်မှန်းပြီး တီးခတ်ကြိုဆိုသွားမှာ ဖြစ်ပါတယ်။ မုနိဘဂါဝ ပူဇာယိမ်း အကဖြင့်လည်း ဧည့်ခံပါမယ်" ဟု အရှင် ကုမာရ ဆက်ပြောသည်။
ရွှေထီးတော် ပူဇော်ပွဲအား လူအများအပြား လာရောက် ဖူးမျှော်နေကြရာ ယနေ့ နံနက်ပိုင်းက ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် ခင်ညွှန့်နှင့် ဇနီး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသာဘန်းနှင့် အဖွဲ့၊ အခမ်းအနားဖွင့်လှစ်သည့်နေ့က ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်၊ ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်တို့လည်း လာရောက် ဖူးမျှော်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ရွှေထီးတော်အား မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပင့်ဆောင်မည် ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်တွေ လေဆိပ် အနီးရှိ အလိုတော်ပြည့်ကျောင်းတွင် အပူဇော်ခံသွားမည် ဖြစ်သည်။
အဆိုပါ နေ့ရက်များ အတွင်း ရခိုင် အဆိုတော်များနှင့် သရုပ်ဆောင်များ ဖြစ်ကြသည့် ၀င်းကိုခိုင်၊ L ကိုလင်း၊ နေထက်လင်း၊ နေမျိုးအောင် ဘုန်းလျှံ၊ ရတနာမိုင်၊ ညှာစိမ်းခိုင်၊ မြတ်ခိုင်ကျော်၊ သန်းဆွေနှင့် ဗမာ အဆိုတော်များ ဖြစ်ကြသည့် ပွင့်နဒီမောင်၊ ဆုပန်းထွာ၊ ချစ်စနိုးဦးတို့လည်း လာရောက် ဖြေဖျော် ကြမည် ဖြစ်သည်။
ရွှေထီးတော်အား စစ်တွေမြို့ အပါအ၀င် ဗုဒ္ဓပါဒခြေတော်ရာ-ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့နှင့် ကျောက်တော်မြို့များတွင်လည်း လှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။
၆.၄.၂၀၁၂ ရက်နေ့ တန်းခူးလဆန်း(၁၅) ရက် လပြည့်နေ့ တွင် ရွှေထီးတော်-ငှက်မြက်နားတော်-စိန်ဖူးတော်တို့အား (၃) ဘုံ (၃)ဆင့် ရွှေသား ထီးတော်ကြီးအား ကျောက်တော်မြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်ရာ ကျောင်းတော်တွင် တင်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။from narinjar burmese news
16 March 2012
ရခိုင်မဟာမြတ်မုနိဘုရား ထီးပူဇော်ပွဲ အကြိုစတိတ်ရှိုးလုပ်ဖို့
အသိမ်းခံ လယ်မြေအတွက် လျော်ကြေး တောင်းသူ ခြိမ်းခြောက်ခံရ
ရက္ခအလင်းတန်း လူပ်ရှားမူ ဧရာဝတီတိုင်းထိ တိုးချဲ့
ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလာဒေ့ခ်ျ အသာရ
ကွယ်လွန် မင်းပြား လွှတ်တော် အမတ် ဦးအောင်စိန်သာ အောက်မေ့ဖွယ် အခမ်းအနား စစ်တွေတွင်ပြုလုပ်
03 March 2012
ရက္ခိတပညာရီးရံပုံငွေ (မြောက်ဦး) ဖွဲ့စီးခြင်း
